Aug 7, 2023

XRP ရဲ့တစ်စိတ်တစ်ပိုင်း အောင်ပွဲ

sagaing

Photo:Credit

US Securities and Exchange Commission (SEC) က Ripple ကုမ္ပဏီ (XRP Token ဖန်တီးထုတ်လုပ်တဲ့ ကုမ္ပဏီ) ကို 2020 ခုနှစ်မှာ အမှုဖွင့် တရားစွဲဆိုခဲ့တယ်။ အဓီက အကြောင်းအရင်းက ဘာလဲဆိုတော့ 2013 ခုနှစ်တုန်းက Ripple ကုမ္ပဏီဟာ XRP အတွက် Initial Public Offering (IPO) လုပ်တော့ XRP Token တွေကို Investor တွေဆီရောင်းချခဲ့တယ်၊ XRP Token က Security (ဥပမာ Stock ကဲ့သို့ ရောင်း/ဝယ်လုပ်နိုင်ပြီး ငွေကြေးကဲ့သို့ပိုင်ဆိုင်မှု) တစ်ခုဖြစ်နေလို့ SEC မှာ Register မလုပ်ထားပဲ IPO လုပ်ခဲ့တာကြောင့်လို့ စွပ်စွဲခဲ့တယ်၊ နောက်ပြီး IPO ကနေ XRP Token $1.3 ဘီလီယံနီးပါး ရောင်းချခဲ့တယ်လို့လည်း စွပ်စွဲခဲ့တယ်။  SEC ရဲ့ အမှုဖွင့်၊ တရားစွဲဆိုမှုတွေ မဖြစ်ခင်က XRP Token ကို Investor တော်တော်များများ စိတ်ဝင်စားကြတယ်။  ဒါကြောင့်လည်း IPO လုပ်တော့ XRP Token အတွက် Investment တွေအများကြီး Ripple ကုမ္ပဏီကရခဲ့တယ်။  2018 ခုနှစ်မှာ XRP အမြင့်ဆုံးဈေး US$3 ထိဖြစ်ခဲ့တယ်။  XRP Token ဆိုတာ Cryptocurrency တစ်ခုဖြစ်ပြီးတော့၊ Top 10 Cryptocurrency တွေထဲက တစ်ခုဖြစ်တယ်။  XRP Token ကို Global Payment အတွက် အသုံးပြုတယ်။  သူရဲ့အားသာချက်က Transaction Fee နည်းတယ် (Transaction တစ်ခုကို ပျမ်းမျှ $0.01 အောက်ပဲရှိတယ်။)၊ Speed မြန်တယ်၊ တစ်စက္ကန့်အတွင်းမှာ Transaction ပေါင်း 1500 ထိလုပ်နိုင်တယ်။  သို့ပေမယ့် SEC က Ripple ကုမ္ပဏီကို တရားစွဲဆိုတာတွေ လုပ်တော့မယ်ဆိုတဲ့သတင်းတွေ ထွက်လာပြီးတဲ့နောက်ပိုင်း XRP Token ရဲ့ဈေးနှုံးဟာ $1 အောက်ထိ ကျဆင်းသွားခဲ့တယ်။  Ripple ကုမ္ပဏီ ဟာ ၂နှစ်ကျော်ကြာအမှုကို ရင်ဆိုင်ပြီးတဲ့နောက်မှာ နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးကနေ “XRP Token က Security တစ်ခုမဟုတ်ဘူး။” ဆိုတဲ့အမိန့်ကို 13 July 2023 နေ့မှာချခဲ့တယ်။  ဒီအမိန့်ဟာ Ripple ကုမ္ပဏီအတွက် တစ်စိတ်တစ်ပိုင်း အောင်ပွဲဖြစ်ခဲ့သလို၊ XRP Token လက်ဝယ်ရှိထားတဲ့သူတွေအတွက်လည်း အောင်ပွဲဖြစ်ခဲ့တယ်။  Cryptocurrency ကိုစိတ်ဝင်စားတဲ့သူတွေအတွက်လည်း သတင်းကောင်းတစ်ခုဖြစ်ခဲ့တယ်။  တရားသူကြီးအမိန့်ချပြီး နောက်ရက်မှာပဲ XRP Token ဈေးနှုံးဟာ $0.47 ကနေ $0.80 ထိတက်သွားခဲ့တယ်။  2023 ခုနှစ်ထဲမှာ XRP Token ဈေးနှုံး US$3 အထက်တက်နိုင်တယ်လို့ ခန့်မှန်းကြတယ်။  (Financial Advisor မဟုတ်ပါ၊ ဖတ်မိတဲ့သတင်းအချို့ကို အနှစ်ချုပ် မျှဝေခြင်းသာဖြစ်ပါသည်။)

Jun 21, 2022

El Salvador နှင့် Bitcoin

sagaing


(11/September/2021) နေ့က ဖဘမှာတင်ခဲ့တဲ့ Post ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ငွေကြေးစနစ်ဟာ နိုင်ငံရဲ့တည်ငြိမ်မှု၊ ဖွံဖြိုးတိုးတက်မှုပေါ်မူတည်ပြီးတော့ အပြောင်းအလဲဖြစ်လေ့ရှိတယ်။ နိုင်ငံမတည်မငြိမ်ဖြစ်ရင်၊ စီမံခန့်ခွဲမှုမကောင်းရင် ငွေကြေးလည်းဖောင်းပွလာပြီးတော့ နောက်ပိုင်း ရေရှည်မထိန်းချုပ်နိုင်တဲ့အခါမှာ နိုင်ငံရဲ့ငွေကြေးစနစ်ပြိုလဲသွားတဲ့အထိ ဖြစ်လေ့ရှိတယ်။ တချို့နိုင်ငံတွေဆို နိုင်ငံရဲ့ကိုယ်ပိုင်ငွေကြေးစနစ်ပြိုလဲသွားလို့ US$ ကိုပဲအသုံးပြုနေရတဲ့ နိုင်ငံတွေရှိတယ်။ Latin America မှာ အသေးဆုံးနိုင်ငံဖြစ်တဲ့ El Salvador နိုင်ငံဆိုရင် ပြည်တွင်းစစ်ပြီးလို့၊ နိုင်ငံသစ်တည်ဆောက်တဲ့အခါမှာ US$ ကိုနိုင်ငံရဲ့ငွေကြေးအနေနှင့် ၂၀၀၁ ခုနှစ်မှာ စတင်သုံးစွဲခဲ့တယ်။ ပြည်တွင်းမှာလည်း အလုပ်လက်မဲ့တွေ များတယ်၊ ပြည်ပထွက်တဲ့သူတွေ များတယ်၊ လဘ်စားမှုတွေများတယ်၊ ဒုစရိုက်မှုတွေ များတယ်၊ နေထိုင်မှုစရိတ်လည်း ကြီးမြင့်လာတယ်၊ ပြည်တွင်းမှာနေတဲ့သူ ၇၀% လောက်က ဘဏ်အကောင့်မရှိဘူး၊ US ရဲ့US$ ထိန်းချုပ်မှုတွေကလည်း ရှိတယ်။ အခုအဲ့ဒီနိုင်ငံက US$ မသုံးတော့ပဲ Cryptocurrency တစ်ခုဖြစ်တဲ့ Bitcoin ကို နိုင်ငံရဲ့ငွေကြေးအဖြစ် 7/Sep/2021 နေ့ကစပြီးတော့ သုံးစွဲလိုက်ပြီ။ ဒါကြောင့် Mac Donal မှာ Burger တစ်လုံးဝယ်ရင် Bitcoin နှင့်ဝယ်လို့ရနေပြီ။ အစိုးရကလည်း Cryptocurrency နှင့်ပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာပေးတာတွေ လုပ်နေပြီ။ ကမ္ဘာ့ပထမဆုံး နိုင်ငံရဲ့ငွေကြေးစနစ်ကို Cryptocurrency အသုံးပြုတဲ့နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားပြီ။ အလားတူ တချို့နိုင်ငံတွေလည်း ဗဟိုထိန်းချုပ်မှုမရှိတဲ့ Cryptocurrency ကိုပြောင်းသုံးဖို့ စဉ်းစားနေကြတယ်။ အချို့နိုင်ငံတွေကတော့ Cryptocurrency Exchange တွေကို နိုင်ငံထဲမှာတရားဝင်ခွင့်ပြုထားပြီးတော့၊ Stock တွေလိုမျိုး၊ Currency တွေလိုမျိုး အရောင်းအဝယ်လုပ်ခွင့်ပေးထားတယ်၊ အချို့နိုင်ငံတွေကတော့ Cryptocurrency ကို အရောင်းအဝယ်လုပ်ခွင့်မပြုပဲ တားမြစ်ထားတယ်။ မြန်မာအိမ်နီးချင်းနိုင်ငံတွေကတော့ နိုင်ငံနှင့်ကိုက်ညီတဲ့ ဥပဒေအချို့သတ်မှတ်ပြီးတော့ အရောင်းအဝယ်လုပ်ခွင့် ပြုထားတယ်။ မြန်မာနိုင်ငံမှာလည်း NUG အစိုးရတက်လာရင် အဲ့လိုဖြစ်ဖို့မျှော်လင့်တယ်။ တရုတ်နိုင်ငံကတော့ Bitcoin ကိုတားမြစ်ထားပြီးတော့၊ အစိုးရထိန်းချုပ်မှုအောက်ကနေ Digital Yuan ကိုစတင်အသုံးပြုနေတယ်၊ ပြီးတော့ တရုတ်ပညာရှင်တွေဖန်တီးထားတဲ့ ဗဟိုထိန်းချုပ်မှုမရှိတဲ့ Cryptocurrency VeChain ဆိုတာကိုတော့ တရုတ်အစိုးရက အားပေးထောက်ခံထားတယ်။ Cryptocurrency ကိုစိတ်ဝင်စားရင် တချို့ Cryptocurrency က Solution ကိုမိတ်ဆက်တဲ့အနေနှင့် Air Drop လို့ခေါ်တဲ့ အခမဲ့ပေးတာတွေ ရနိုင်တယ်။ ကိုယ်က ရေရှည်အတွက် ရင်းနှီးမြှုပ်နှံချင်လို့ ပိုက်ဆံပေးပြီး ဝယ်မယ်ဆိုရင်တော့ Top 10 Cryptocurrency တွေပဲ​ဝယ်သင့်တယ်၊ အခုဆိုရင် Bitcoin တစ်ကွိုင်ရဲ့ ဈေးနှုန်းက US$ 45000 နှင့်အထက် ရှိတယ်။ တစ်ကွိုင်လုံးမဝယ်ပဲ၊ $100 ဖိုးလောက်ဝယ်လည်းရတယ်၊ တချို့ကြတော့ Dollar-cost averaging (DCA) နှင့် လစဉ် (သို့မဟုတ်) နှစ်ပတ်ခြားတစ်ခါ $100 ဝယ်စုလေ့ရှိတယ်၊ Cryptocurrency တွေရဲ့ဈေးနှုန်းဟာ Bitcoin ဈေးအတက်အကျပေါ်လိုက်ပြီး အတက်အကျဖြစ်လေ့ရှိတယ်။ Cryptocurrency တွေဟာ Supply နှင့် Demand ပေါ်မူတည်ပြီး ဈေးနှုံးတွေ မတူနိုင်ဘူး။ နောက်ပေါ်တဲ့ Cryptocurrency တွေရဲ့ဈေးနှုံးဟာ Bitcoin ရဲ့တန်းကြေးလောက်ထိ တက်လာဖို့မလွယ်ဘူး။ ဘာလို့လဲဆိုတော့ Supply နှင့် Demand ကြောင့်မို့လို့၊ Supply နည်းပြီး Demand များတဲ့ Cryptocurrency မျိုးဆိုရင်တော့ Bitcoin ဈေးထက်တောင် ကျော်တက်ကောင်း ကျော်တက်နိုင်တယ်၊ ဒါပေမယ့် တချို့ Cryptocurrency တွေကြတော့ Supply ကို Trillions ပေါင်းမြောက်များစွာ သတ်မှတ်ထားတယ်။ ဒါကြောင့် တကွိုင်ရဲ့ ဈေးနှုံးက ဥပမာ $0.0010 စသည်ဖြင့် ဈေးရှိမယ်။ Bitcoin ရဲ့ Max Supply က 21 သန်းထိပဲ သတ်မှတ်ထားတယ်၊ လက်ရှိ Bitcoin 19 သန်းနီးပါး ထုတ်ပြီးသွားပြီ။ အဲ့ထဲမှာမှ Bitcoin 20% လောက်က Password ဖေါ်မရလို့၊ Laptop ပင်လယ်ထဲမြုတ်သွားလို့၊ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် လုံးဝ Locked ဖြစ်သွားတဲ့ ပမာဏကလည်း ရှိသေးတယ်၊ Cryptocurrency ကို Currency တစ်ခုလိုသတ်မှတ်ပြီး ခေါ်ကြပေမယ့်၊ နည်းပညာက Currency တစ်ခုထက်ပိုတယ်၊ နောက်ပိုင်းမှာ INTERNET အပေါ်မှာလွှမ်းခြုံသွားမယ့် နည်းပညာတစ်ခုဖြစ်တယ်။

Top 100 Cryptocurrency


Airdrop လိုချင်ရင်

Jun 19, 2022

Web 1.0 Web 2.0 Web 3.0

sagaing


ကျွန်တော်တို့ အသုံးပြုနေတဲ့ INTERNET က Web Technology တွေနှင့် အလုပ်လုပ်တယ်။ ဒါကြောင့် သူတို့ကို Generation အလိုက် Web 1.0 ၊ Web 2.0 ၊ Web 3.0 ဆိုပြီးတော့ ခေါ်ကြတယ်။ အခုဆိုရင် INTERNET ကို Third Generation (Web 3.0) Web Technology တွေနှင့် ပြောင်းလဲအလုပ်လုပ်ဖို့ ခြေလှမ်းပြင်နေပြီဖြစ်တယ်။ 

Web 1.0 ဆိုတာဘာလဲ။

First Generation ကို Web 1.0 လို့ခေါ်ကြတယ်။ INTERNET ကြည့်ဖို့ Netscape သို့မဟုတ် IE (Internet Explorer) ဆိုတဲ့ Software နှစ်ခုကို အဓိက အသုံးပြုခဲ့ကြတယ်။ (အနားယူသွားတဲ့ IE ကို ဂုဏ်ပြုပါတယ်။) Web 1.0 မှာ Website တွေဟာ Static တွေ အနေနှင့်ဖြစ်ပြီးတော့ Content အမျိုးအစားကလည်း စာတွေနှင့်ပုံတွေပဲ အဓိကပါတယ်၊ ဒါကြောင့် Website ထဲမှာပါတာကို ဖတ်လို့၊ ကြည့်လို့ပဲရတယ်။ Website ထဲက အကြောင်းအရာတွေနှင့် ပတ်သက်ပြီး ကိုယ့်အမြင်ကို Comment ရေးတာ၊ ဆဲတာ၊ ဆိုတာတွေ လုပ်နိုင်တဲ့ နည်းပညာ မရှိသေးဘူး။ ဒါကြောင့် Web 1.0 ကို Read Only Web လို့ခေါ်တယ်။ Website တွေဖန်တီးဖို့ HTML (Hyper Text Markup Language) ကို အဓိက အသုံးပြုခဲ့ကြတယ်။ ဖန်တီးထားတဲ့ Website ကိုလည်း INTERNET ပေါ်လူတိုင်း အလွယ်တကူ တင်လို့မရဘူး။ Web 1.0 တုန်းက ထင်ရှားခဲ့တဲ့ Website တစ်ခုဆိုရင် Yahoo ပဲဖြစ်တယ်။ 

Web 2.0 ဆိုတာဘာလဲ။

Web 2.0 ကို Blog ၊ Email ၊ Forum ဆိုတာတွေနှင့် စတင်ခဲ့တယ်။ စဆရက လုပ်ပြီး “ငါဟဲ့! စဆရက” ဆိုပြီး INTERNET ပေါ်မှာ ကိုယ်ပြောချင်တာ စတင်ပြီး ပြောလို့ရလာတယ်။ အဲ့ဒီအချိန်တုန်းက Blogger ဆိုတာ နည်းပညာသမားလိုလို၊ စာရေးဆရာလိုလို၊ ကဗျာဆရာလိုလို ဖြစ်ခဲ့တဲ့ခေတ်၊ Forum ထဲမှာ စဆရက လုပ်ပြီး နေရာတကာ ဝင်ပါလို့ရတဲ့ ခေတ်ပေ့ါ၊ အဲ့ဒီကနေ စလိုက်တာ facebook ၊ twitter ၊ messenger ၊ telegram အထိ အပြန်အလှန် အမြင်ချင်းဖလှယ်နိုင်တာ၊ စောက်ခွက်ကြည့်ပြီး အွန်လိုင်းကနေ ဆဲလို့ရတာအထိဟာ Web 2.0 နည်းပညာတွေကြောင့်ဖြစ်တယ်။ ဒါကြောင့် Web 2.0 ဟာ Read Only တစ်ခုတည်း မဟုတ်တော့ပဲ၊ INTERNET ပေါ်တက်ပြီး Write ချင်တာ Write လို့ရတဲ့အထိ ဖြစ်လာတယ်။ Web Hosting လုပ်တဲ့ Service တွေ၊ Cloud တွေ စသည်ဖြင့် အများအပြားရှိလာတယ်၊ ဒါကြောင့် Website ၊ Blog တွေကို အလွယ်တကူပဲ INTERNET ပေါ်တင်နိုင်လာတယ်။ ဒီလိုနှင့် INTERNET ထဲမှာရှိတဲ့ Data တွေက နေရာတစ်ခုတည်းကနေ အချက်အလက်တွေကို ပြန်လည်ဖြန့်ဝေပေးတဲ့ Centralized ပုံစံဖြစ်လာတယ်။ Website ဖန်တီးနိုင်တဲ့ နည်းပညာတွေလည်း အများအပြား ပေါ်ထွက်လာတယ်၊ အဲ့ဒီထဲမှာ Javascript Framework တွေကို အများဆုံး အသုံးပြုလာတာတွေ့ရတယ်။ Web 2.0 မှာ Data ရဲ့အရေးပါမှု၊ အသုံးဝင်မှု၊ Privacy ၊ Copyright စတာတွေနှင့် ပတ်သက်လို့ အလေးထားစရာ၊ စိုးရိမ်စရာတွေ အများကြီးရှိလာတယ်။ 

Web 3.0 ဆိုတာဘာလဲ။

Data နှင့်ပတ်သက်တဲ စိုးရိမ်စရာတွေကို Web 3.0 မှာဖြေလျှော့နိုင်လိမ့်မယ်၊ ဘာလို့လည်းဆိုတော့ Web 3.0 မှာ Data Processing Cycle ကို Blockchain Technology (သို့မဟုတ်) Decentralize Protocol ပေါ်မှာ အခြေခံထားလို့ဖြစ်တယ်။ Block ဆိုတာ Data အစုတစ်ခုဖြစ်ပြီးတော့၊ Block တစ်ခုဟာ၊ အခြား Block တစ်ခုနှင့် ချိတ်ဆက်ထားလို့ Blockchain လို့ခေါ်တယ်။ Blockchain ကို Database အနေနှင့် မြင်နိုင်တယ်။ Block တစ်ခုထဲက Data ဟာ Transaction တစ်ခုလည်း ဖြစ်နိုင်တယ်၊ Post တစ်ခုလည်းဖြစ်နိုင်တယ်၊ Comment တစ်ခုလည်းဖြစ်နိုင်တယ်၊ Computer Program Code လည်း ဖြစ်နိုင်တယ်၊ Medical Record တစ်ခုလည်း ဖြစ်နိုင်တယ်။ Block တစ်ခုဖန်တီးလိုက်ရင် Digital Signature တစ်ခုထုတ်တယ်၊ အဲ့ဒီ Digital Signature က၊ နောက် ဖန်တီးတဲ့ Block နှင့် ချိတ်ဆက်တယ်။ နမူနာ ဒီမှာ လုပ်ကြည့်လို့ရတယ်။ Blockchain ထဲရောက်သွားတဲ့ Data ကို ပြင်တာ၊ ဖျက်တာ အလွယ်တကူလုပ်လို့မရဘူး။ Blockchain နည်းပညာက Decentralized ပုံစံနှင့် Data တွေကို Distribute လုပ်ပေးတယ်၊ ဒါကြောင့်မို့ Web 2.0 မှာလို သီးသန့် Server ဆိုတာ မရှိတော့ပဲ၊ Node တွေ စုပေါင်းပြီးတော့ အလုပ်လုပ်တဲ့ ပုံစံမျိုးဖြစ်သွားတယ်။ အဲ့ဒီ Node တွေကပဲ Blockchain Network ထဲက Process တစ်ခုကို အတည်ပြုတာ၊ ပယ်ဖျက်တာမျိုးတွေ လုပ်နိုင်တယ်။ Node ဆိုတာက အိမ်မှာသုံးနေတဲ့ ကွန်ပျူတာလည်း ဖြစ်နိုင်သလို၊ Cloud ပေါ်က Virtual Machine ကလည်း Node တစ်ခုဖြစ်နိုင်တယ်။ Computer တစ်လုံးကို Blockchain Network ထဲက Node တစ်ခုအနေနှင့် အသုံးပြုခွင့် ပေးထားတယ်ဆိုရင်၊ အဲ့ဒီအတွက် အခကြေးငွေအဖြစ် Cryptocurreny (သို့မဟုတ်) Token ရတယ်။ အဲ့ဒါကို အစိုးရထုတ်ငွေ (Fiat Currency) နှင့် Exchange လုပ်လို့ရတယ်။ လက်ရှိအသုံးပြုနေတဲ့ App တွေလည်း DApp (Decentralized Application) တွေ ဖြစ်သွားမယ်။ အထူးသဖြင့် App ရဲ့ နောက်ကွယ်က လုပ်ဆောင်ချက် (Backend) တွေ ပြောင်းသွားမှာဖြစ်တယ်။ ဥပမာ YouTube ကဲ့သို့ Odysee၊ DropBox ကဲ့သို့ FileCoin၊ Chrome ကဲ့သို့ Brave စသည့် App တွေက Blockchain အသုံးပြုထားတဲ့ App ဖြစ်တယ် (NUG Pay လည်း လာပြီလေ။)၊ Web 3.0 ထဲမှာ Blockchain နည်းပညာတစ်ခုတည်း ရှိတာမဟုတ်ဘူး။ AI (Artificial Intelligence)၊ ML (Machine Learning) ၊ VR (Virtual Relity) ၊ IoT (Internet of Things)၊ Cryptocurrency ကနေ Metaverse ဆိုတာထိ Web 3.0 ထဲမှာရှိမယ့် နည်းပညာတွေဖြစ်တယ်။ ဒါကြောင့် Web 3.0 ဟာ Write လုပ်နိုင်တာတစ်ခုတည်း မဟုတ်တော့ပဲ၊ ကိုယ် Write လုပ်လိုက်တဲ့ Data ကို ကိုယ်ပိုင်တာမျိုး ဖြစ်လာမယ်၊ Digital Assets ပိုင်ရှင်တွေဖြစ်လာမယ်၊ Open Data တွေ အများအပြားရှိလာမယ်၊ နည်းပညာတွေ ပေါင်းစပ်ထားပြီး Intelligent ဖြစ်တဲ့ Web 3.0 မကြာခင်မှာ ရောက်လာတော့မယ်။

Jun 26, 2017

HL7 Message ဆိုတာဘာလဲ။

sagaing
(HL7 Wiki မှ ပုံဖြစ်ပါသည်။)

နည်းပညာတွေကို သက်ဆိုင်ရာနယ်ပယ်ထဲမှာ ထည့်သွင်းအသုံးပြုကြတဲ့အခါ အဲ့ဒီနယ်ပယ်အတွက် ဖန်တီးထားတဲ့ စနစ်တွေဟာ တစ်ခုထက်မကရှိနိုင်ပါတယ်။  အဲ့ဒီစနစ်တွေဟာ မတူညီတဲ့ အဖွဲ့အစည်းတွေ၊ နည်းပညာတွေနှင့် ထုတ်လုပ်ထားလေ့ရှိကြတယ်၊ နောက်ပြီး စနစ်တွေဟာ သီးသန့်တည်ရှိနေလို့မရသလို၊ စနစ်တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်သွယ်ပြီးလည်း လုပ်ဆောင်နေကြရတယ်။  ယင်းကဲ့သို့စနစ်တွေ အပြန်အလှန်ဆက်သွယ်ပြီး လုပ်ဆောင်နိုင်တာက Standard လို့ခေါ်တဲ့ စံသတ်မှတ်ချက်တွေကြောင့်ဖြစ်တယ်။  အဲ့ဒီ စံသတ်မှတ်ချက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့  HL7 Message စံသတ်မှတ်ချက်ဟာ ကျမ္မာရေးနှင့်သက်ဆိုင်တဲ့ ဆေးပညာနယ်ပယ်အတွက် အသုံးပြုတဲ့စံသတ်မှတ်ချက်ဖြစ်တယ်။  HL7 ဆိုတာ Health Level 7 ဖြစ်ပါတယ်။  ကျမ္မာရေးစောင့်ရှောက်မှုစနစ်တွေမှာ လူနာတစ်ယောက်နှင့်သက်ဆိုင်တဲ့ အချက်အလက်တွေကို စနစ်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပေးပို့နိုင်ဖို့ ဖန်တီးထားတဲ့ Standard ကို HL7 လို့ခေါ်ပါတယ်။

HL7 လို့ဘာလို့ခေါ်တာလဲ။
နည်းပညာနယ်ပယ်က လူတိုင်းနီးပါး OSI Model (Open System Interconnection Model) အကြောင်းကို သိပြီးသားဖြစ်ပါလိမ့်မယ်။  OSI Model မှာ Layer ၇ခု ရှိပါတယ်၊ အဲ့ဒီ Layer တွေထဲမှာ နောက်ဆုံး Layer ဖြစ်တဲ့ Layer - 7 ဟာ Application Layer ဖြစ်ပါတယ်။  HL7 Standard ကို Application Layer မှာပဲအသုံးပြုပါတယ်။  အဲ့ဒါကြောင့် Health Level 7 လို့ ခေါ်တာဖြစ်ပါတယ်။  HL7 စံသတ်မှတ်ချက်တွေကို Health Level Seven International လို့အမည်ရတဲ့ NGO အဖွဲ့ကနေ၊ ANSI (American National Standards Institute) နှင့် ISO (International Standards Organization) တို့ရဲ့ အတည်ပြုချက်တွေနှင့်၊ ထုတ်ပြန်ထားတာဖြစ်ပါတယ်။  အောက်ပါပုံကတော့ Layer ၇ခုနှင့်ဖွဲ့စည်းထားတဲ့ OSI Model ပုံဖြစ်ပါတယ်။

(Source : Internet)

HL7 Message Standard Version
HL7 Standard တွေထဲမှာ HL7 Message နှင့်သက်ဆိုင်တဲ့ Standard ကို Version 2.x နှင့် Version 3 ဆိုပြီး (၂)မျိုး တွေ့နိုင်ပါတယ်။  Version 2.x နှင့် Version 3 မှာ နည်းပညာအားဖြင့် အဓိကခြားနားချက်ကတော့ Version 3 မှာ Object Oriented Design Methodology နှင့် XML အသုံးပြုလာခြင်းပဲဖြစ်ပါတယ်။  ဒီခြားနားမှုအပြင် Version 3 ဟာ Version 2.x တွေအတွက် Backward Compatible လို့ခေါ်တဲ့ နောက်ကြောင်းပြန်သဟဇာတဖြစ်မှုတွေ မပါဝင်ကြောင့် Version အသစ်တစ်ခုကဲ့သို့ဖြစ်ခဲ့ပါတယ်။  Version 2.x ကို နည်းပညာအသုံးပြုတဲ့ သာမာန်ဆေးရုံ၊ ဆေးခန်းတွေမှာရှိတဲ့ စနစ်တွေမှာ တွေ့နိုင်ပြီး၊ Version 3 ကိုတော့ အစိုးရဆေးရုံကြီးတွေ၊ နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင်နေကြတဲ့ ဆေးရုံကြီးတွေက နည်းပညာအသုံးပြုတဲ့ စနစ်တွေမှာ တွေ့နိုင်ပါတယ်။  ဒီအချက်တွေကြောင့် Version 2.x ဟာ လက်ရှိအချိန်အထိ စနစ်တော်တော်များများမှာ အသုံးပြုနေတဲ့ Standard တစ်ခုအနေနှင့် တည်ရှိနေပါတယ်။

HL7 Message ပုံစံနှင့်ဖွဲ့စည်းပုံ

HL7 Version 2.x Message Standard 

Version 2.x Message တစ်ခုကို Segment လို့ခေါ်တဲ့ အပိုင်းတွေ နှင့်ဖွဲ့စည်းထားပါတယ်။  Segment တစ်ခုဟာ တကယ်တော့ လိုင်းတစ်လိုင်း (သို့) စာကြောင်းတစ်ကြောင်းဖြစ်ပါတယ်။  Message တစ်ခုဟာ ဘယ်လို Message အမျိုးအစားဖြစ်တယ်ဆိုတာကို ပထမဆုံး Segment တစ်ခုဖြစ်တဲ့ MSH Segment ကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။  ဥပမာအနေဖြင့် အောက်ပါ Message တစ်ခုကိုကြည့်လိုက်ရင်...

MSH|^~\&|SOURCE|383018129|PRIORITY HEALTH|382715520|2007100914484648||ORU^R01|0129938170710091448|P|2.3| PID|1|1034157|012993817||LASTNAME^FIRSTNAME||19520101|M|||1234 MAIN^^DEARBORN HEIGHT^MI^48127|||||||| 
PD1|1|||1234567890^DOCLAST^DOCFIRST^M^^^^^NPI| 
OBR|1|||80061^LIPID PROFILE^CPT-4||20070911|||||||||| 
OBX|1|NM|13457-7^LDL (CALCULATED)^LOINC|49.000|MG/DL| 0.000 - 100.000|N|||F| OBX|2|NM|2093-3^CHOLESTEROL^LOINC|138.000|MG/DL|100.000 - 200.000|N|||F| OBX|3|NM|2086-7^HDL^LOINC|24.000|MG/DL|45.000 - 150.000|L|||F| 
OBX|4|NM|2571-8^TRIGLYCERIDES^LOINC|324.000|MG/DL| 0.000 - 150.000|H|||F|
 PriorityHealth မှ နမူနာ ဖြစ်ပါတယ်။

အနီရောင်ခြယ်ထားတာတွေက Segment တွေရဲ့ အစဖြစ်ပါတယ်။  Segment တစ်ခုဟာ Field တွေနှင့် ဖွဲ့စည်းထားပါတယ်။  Field တစ်ခုနှင့် တစ်ခုကို Vertial Bar ( | ) နှင့်ကန့်သတ်ထားပါတယ်။  MSH ဆိုတာ Message Header ဖြစ်ပြီး၊ MSH Segment ရဲ့ ကိုးခုမြောက် Field ဟာ Message Type (အမျိုးအစား) ဖြစ်ပါတယ်။  အဲ့ဒီနေရာမှာ ORU^R01 ဆိုတာတွေ့ရပါတယ်။  Message Type ကတော့ Obervation Result (ဆေးစစ်မှုအဖြေ) ဖြစ်ပါတယ်။  ဒီ Message ထဲမှာ ရောဂါလက္ခဏာ၊ ခန္ဓာကိုယ်က အရေးကြီးအစိတ်အပိုင်းတွေ (ဥပမာ၊​အသည်း၊ နှလုံး၊ အဆုတ်) စသည်တို့ရဲ့ အခြေအနေ၊ စသည်ဖြင့်ပါဝင်ပါတယ်။  Message ထဲမှာ PID ဆိုတာ Patient Identification ဖြစ်ပါတယ်။  လူနာနှင့်ပတ်သက်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။  PD1 ဆိုတဲ့ Segment က Patient Additional Demographic ဖြစ်ပါတယ်။  လူနာနှင့်ပတ်သက်တဲ့ အခြားအချက်အလက်တွေဖြစ်ပါတယ်။  PD1 က လိုအပ်မှ ဆရာဝန်တွေထည့်သွင်း ဖေါ်ပြတဲ့ Segment တစ်ခုဖြစ်ပါတယ်။  OBR ဆိုတဲ့ Segment က Observation Request ဖြစ်ပါတယ်။  ဆေးစစ်မှုကို လုပ်ဆောင်တဲ့နေ့နှင့် အခြားလိုအပ်တဲ့ အချက်အလက်တွေဖြစ်ပါတယ်။  OBX Segment ကတော့ Observation Result ဖြစ်ပါတယ်။  ဆရာဝန်ရဲ့ လူနာကိုစစ်ဆေးမှုပေါ်မူတည်ပြီး OBX Segment တွေကို တစ်ခုထက်မက တွေ့နိုင်ပါတယ်။  အခြား Message Type တွေရဲ့ ဖွဲ့စည်းပုံကလည်း ဒီ Message ကဲ့သို့ဖြစ်ပါတယ်။  Segment တွေကို လေ့လာချင်ရင် ဒီနေရာမှာ လေ့လာနိုင်ပါတယ်။  Microsoft ရဲ့ HL7 Message Structure မှာလည်း Message Type တွေ၊ Segment တွေကို လေ့လာနိုင်ပါတယ်။

HL7 Version 3 Message Standard

Version 3 Message တစ်ခုကို XML နည်းပညာနှင့် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။  နည်းပညာသမားတွေအနေနှင့်ကတော့ XML (Extensible Markup Language) ဆိုတာကို ရင်းနှီးပြီးသားဖြစ်ပါတယ်။  Version 3 Message တစ်ခုကို အောက်ပါအတိုင်း XML tag တွေနှင့် ဖွဲ့စည်းထားပါတယ်။

<POLB_IN224200 ITSVersion="XML_1.0" xmlns="urn:hl7-org:v3" xmlns:xsi="http://www.w3.org/2001/XMLSchema-instance"> <id root="2.16.840.1.113883.19.1122.7" extension="CNTRL-3456"/> <creationTime value="200202150930-0400"/> <!-- The version of the datatypes/RIM/vocabulary used is that of May 2006 --> <versionCode code="2006-05"/> <!-- interaction id= Observation Event Complete, w/o Receiver Responsibilities --> <interactionId root="2.16.840.1.113883.1.6" extension="POLB_IN224200"/> <processingCode code="P"/> <processingModeCode nullFlavor="OTH"/> <acceptAckCode code="ER"/> <receiver typeCode="RCV"> <device classCode="DEV" determinerCode="INSTANCE"> <id extension="GHH LAB" root="2.16.840.1.113883.19.1122.1"/> <asLocatedEntity classCode="LOCE"> <location classCode="PLC" determinerCode="INSTANCE"> <id root="2.16.840.1.113883.19.1122.2" extension="ELAB-3"/> </location> </asLocatedEntity> </device> </receiver> <sender typeCode="SND"> <device classCode="DEV" determinerCode="INSTANCE"> <id root="2.16.840.1.113883.19.1122.1" extension="GHH OE"/> <asLocatedEntity classCode="LOCE"> <location classCode="PLC" determinerCode="INSTANCE"> <id root="2.16.840.1.113883.19.1122.2" extension="BLDG24"/> </location> </asLocatedEntity> </device> </sender> <controlActProcess classCode="CACT" moodCode="EVN"> <subject typeCode="SUBJ" contextConductionInd="false"> <encounterEvent classCode="ENC" moodCode="EVN"> <id root="1.56.3.4.7.5" extension="122345" assigningAuthorityName="Maple Hospital Emergency"/> <code code="EMER" codeSystem="2.16.840.1.113883.5.4"/> <statusCode code="active"/> <subject contextControlCode="OP"> <patient classCode="PAT"> <id root="1.56.3.4.7.9" extension="55321" assigningAuthorityName="Maple Hospital Patients"/> <patientPerson classCode="PSN" determinerCode="INSTANCE"> <name> <given>Rob</given> <given>P</given> <family>Young</family> </name> <administrativeGenderCode code="M" codeSystem="2.16.840.1.113883.5.1"/> <birthTime value="19800309"/> </patientPerson> </patient> </subject> </encounterEvent> </subject> </controlActProcess> </POLB_IN224200>
Wiki နှင့် Oracle မှ နမူနာများ ဖြစ်ပါတယ်။

POLB_IN224200 က Root tag ဖြစ်ပါတယ်။  Message ထဲမှာတွေ့ရတဲ့ နံပါတ်တွေဟာ Global သတ်မှတ်ထားတဲ့ Unique ID တွေဖြစ်ပါတယ်။  Message တွေမှာ Root tag အပါအဝင်၊ creationTime၊ processingCode၊ ဘယ်ကနေပို့ပြီး (sender)၊ ဘယ်ကလက်ခံတယ် (receiver) စသည် tag တွေနှင့်ဖွဲ့စည်းထားတဲ့အပိုင်းကို Transmission Wrapper လို့ခေါ်ပါတယ်။  အဲ့ဒီထဲမှာမှ Query Control Wrapper ဆိုတဲ့ tag လာပါတယ်။  အဲ့ဒီ tag ထဲမှာမှ Medical အချက်အလက်တွေကို သက်ဆိုင်ရာ tag အစုလိုက် ခွဲခြားပြီးဖွဲ့စည်းထားပါတယ်။  နမူနာ Message ထဲမှာ controlActProcess tag က Query Control Wrapper တစ်ခုဖြစ်ပါတယ်။  အဲ့ဒီ ထဲမှာမှ ဆေးရုံနှင့်ပတ်သက်တဲ့ အချက်အလက်၊ လူနာနှင့်ပတ်သက်တဲ့ အချက်လက်နှင့် အခြားဆေးပညာပိုင်းဆိုင်ရာ အချက်အလက်တွေ ပါဝင်ပါတယ်။  V3 Message တွေကို HTTP နှင့် SOAP Web Services တွေကို အသုံးပြုပြီး တစ်နေရာမှ၊ တစ်နေရာသို့ ပေးပို့ပါတယ်။  Web Services အကြောင်းကို လေ့လာချင်ရင် ဒီနေရာမှာ ကျွန်တော်ရေးသားထားပါတယ်။  အောက်ပါပုံကတော့ HL7 V3 မှာပါဝင်တဲ့ Layer တွေနှင့် Model ပုံဖြစ်ပါတယ်။


HL7 Message နှင့်ပတ်သက်တဲ့ အခြားလင့်ခ်များ
HL7Wiki
Oracle HL7 V3 Sample Project
HL7 Overview PDF
HL7 Implementation Guide
HL7 Message V2 and V3
Version of the HL7 Standard
Health Level 7

May 20, 2017

.Net Core ဆိုတာဘာလဲ။

sagaing

.Net ဆိုတာ ယခင်က Windows ပေါ်မှာပဲ အလုပ်လုပ်နိုင်တဲ့ Programming Language တစ်ခုလို့နားလည်ထားကြပေမယ့်၊ .Net Core ပေါ်လာတဲ့အခါမှာတော့ ဒီနားလည်မှုဟာမှန်ကန်မှု မရှိတော့ပါဘူး။  ဘာလို့လည်းဆိုတော့ .Net ဟာ Cross Platform တစ်ခုဖြစ်လာလို့ပါပဲ။  Cross Platform ဖြစ်တဲ့အတွက်မည်သည့် OS မှာမဆို (လက်ရှိအချိန်ထိတော့ Windows, Linux, MacOS ၃မျိုးကို ထောက်ပံ့ပေးထားပါတယ်။) အလုပ်လုပ်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်။  .Net Core ဟာ Cross Platform ဖြစ်တဲ့အပြင် ၄င်းရဲ့ အခြားနောက်ထပ် ထူးခြားတဲ့လက္ခဏာတွေကတော့...

Open Source ဖြစ်ခြင်း
- Open Source ဖြစ်တဲ့အတွက် .Net Core Project ဖန်တီးမှုတွေမှာ ပါဝင်အားဖြည့်လို့ရပါတယ်။  အဲ့ဒီအတွက်လည်း GitHub မှာ .Net Core Repositories တွေကို Hosting လုပ်ထားပါတယ်။

Flexible Deployment လုပ်နိုင်ခြင်း
- Project တစ်ခုကို Deployment လုပ်တဲ့အခါမှာ သီးသန့် Install လုပ်ထားတဲ့ .Net Core Framework ပေါ်မှာမှီခိုပြီး အလုပ်လုပ်လို့ရသလို၊ မမှီခိုပဲ Project နှင့်အတူ .Net Core Framework ကိုပါတခါတည်း ထည့်သွင်းပြီးတော့လည်း အလုပ်လုပ်လို့ရတယ်။

Modular ဖြစ်ခြင်း
- .Net Core ထဲမှာရှိတဲ့ Assembly Package တွေကို သက်ဆိုင်ရာ လုပ်ဆောင်ချက်အလိုက် ခွဲထုတ်ပြီး ပေါင်းစည်းထားတာကြောင့် Modular ကဲ့သို့ဖြစ်နေပါတယ်။  ထို့ကြောင့် Project တစ်ခုအတွက် Assembly Package တွေကို အကုန်လုံးထည့်သွင်းလုပ်ဆောင်စရာမလိုပဲ၊ လိုအပ်တဲ့ Assembly Package တွေပဲထည့်ထားရုံနှင့် အလုပ်လုပ်နိုင်တယ်။

Multiple Programming Langauges နှင့်ရေးသားနိုင်ခြင်း
- Windows Platform မှာ ထင်ရှားတဲ့ Programming Language တွေဖြစ်တဲ့ C# နှင့် F# (VB ကိုလည်း .Net Core ထဲမှာ နောက်ပိုင်းထည့်သွင်းမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်ထိတော့ VB ကိုထောက်ပံ့ပေးမထားပါဘူး။) စသည်တို့နှင့် မိမိဖန်တီးချင်တဲ့ Application တွေကို ဖန်တီးလို့ရပါတယ်။  Application တွေဆိုတာ Windows, Web နှင့် Mobile စသည့် Application အမျိုးအစားတွေကိုပြောတာဖြစ်ပါတယ်။

Cloud Ready ဖြစ်ခြင်း
- Cloud ကိုအခြေခံတဲ့ Internet Application တွေကို အဆင်သင့်ဖန်တီးနိုင်ပါတယ်။  IoT App, Mobile Backend စသည့် Application မျိုးတွေဖြစ်ပါတယ်။

.Net Core ကို Download ချပြီး Install လုပ်ချင်ရင် ဒီနေရာမှာ လုပ်လို့ရပါတယ်။

.Net Core Application တွေဖန်တီးဖို့ဘာလိုမလဲ။
.Net Core နှင့် Application တွေဖန်တီးဖို့ မည်သည့် IDE - Integrated Development Environment မှမရှိလည်းဖြစ်ပါတယ်။  သို့သော် IDE တစ်ခုဖြစ်တဲ့... ဥပမာ Visual Studio နှင့် Application တွေဖန်တီးမယ်ဆိုရင်တော့ ပိုပြီးကောင်းမွန်ပါတယ်၊ လွယ်ကူပါတယ်။  အကယ်၍ Visual Studio ကို Download ချချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Visual Community Edition ကို Download ချပြီးအသုံးပြုနိုင်ပါတယ်။  Community Edition ဟာ ကျောင်းသားတွေ၊ တကိုယ်တော် Coder တွေ နှင့် အခြား လေ့လာချင်သူတွေအတွက် Free ပေးထားတဲ့ Edition ဖြစ်ပါတယ်။  Visual Studio ကို Windows၊ Mac နှင့် Linux တွေမှာ Install လုပ်လို့ရပါတယ်။ အကယ်၍ Visual Studio မသုံးချင်ဘူးဆိုရင် အခြား IDE တွေလည်းရှိပါတယ်။  အဲ့ဒါတွေကတော့ OmniSharp နှင့် JetBrains Rider တို့ပဲဖြစ်ပါတယ်။

.Net Core Architecture Diagram

(Microsoft မှပုံဖြစ်ပါသည်။)

Microsoft မှာ ယခင်က .Net Framework ဆိုတာရှိပေမယ့်၊ အပေါ်မှာပြောခဲ့သလို ထူးခြားတဲ့ လက္ခဏာတွေပါတဲ့ .Net Core Framework တစ်ခုကို အသစ်သီးသန့်ဖန်တီးခဲ့တာဖြစ်ပါတယ်။  .Net Framework ထဲမှာ အဓိကပါဝင်တာက CLR (Common Language Runtime) နှင့် FCL (Functional Class Library) ဖြစ်ပါတယ်။  ၄င်းကဲ့သို့ပဲ .Net Core ထဲမှာလည်း Core CLR နှင့် Core FX (Core Libraries) ဆိုတာပါဝင်ပါတယ်။  Core CLR နှင့် Core FX ကိုမည်သည့် OS (Operation System) မှာမဆို အလုပ်လုပ်နိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်။  .Net Core ရဲ့အပေါ်မှာရှိတဲ့ အစိတ်အပိုင်း ၂ခုကတော့ Web နှင့်သက်ဆိုင်တဲ့ ASP.Net Core နှင့် ASP.Net Core MVC တို့ပဲဖြစ်ပါတယ်။

နမူနာ .Net Core Project တစ်ခုဖန်တီးခြင်း
.Net Core နှင့် Project တစ်ခုကို Visual Studio မပါပဲနှင့် Command Prompt ကနေဖန်တီးကြည့်မယ်။
Windows + R နှိပ်ပြီး cmd ဖြင့် Command Prompt ထဲကို ဝင်လိုက်မယ်။
ပြီးရင် dotnet + Enter နှိပ်လိုက်ပါက အောက်ပါအတိုင်း Command Prompt မှာ မြင်တွေ့ရလိမ့်မယ်။


.Net Core Version နှင့် dotnet Command နောက်မှာထပ်ဖြည့်သုံးနိုင်တဲ့ Options တွေကို မြင်တွေ့ရလိမ့်မယ်။
အရင်ဆုံး Project ကိုသိမ်းဖို့ Folder တစ်ခုကို md sampleprj + Enter နှိပ်ပြီး ဖန်တီးလိုက်မယ်။  Project သိမ်းမယ့် Folder အမည်ကို sampleprj လို့ပေးလိုက်တယ်။
cd sampleprj + Enter နှိပ်ပြီး sampleprj Folder ထဲကို ဝင်လိုက်မယ်။  အောက်ပါအတိုင်း Command Prompt မှာမြင်တွေ့ရလိမ့်မယ်။


dotnet new mvc + Enter နှိပ်ပြီး .Net Core MVC Project တစ်ခုဖန်တီးကြည့်လိုက်မယ်။  အောက်ပါအတိုင်း Command Prompt မှာမြင်တွေ့ရလိမ့်မယ်။


.Net Core Command (CLI - Command Line Interface) တွေနှင့်ပတ်သက်ပြီး အသေးစိတ်လေ့လာချင်ရင် ဒီနေရာမှာ လေ့လာလို့ရပါတယ်။  dotnet new mvc + Enter Command က MVC Project အတွက်လိုအပ်တဲ့ဖိုင်တွေကို ဖန်တီးပေးတယ်၊  Windows Explorer ထဲမှာသွားကြည့်ရင် File တွေကို ယခုလိုမြင်တွေ့ရလိမ့်မယ်။


ပြီးရင် Command Prompt ဘက်ကိုပြန်သွားပြီး dotnet restore + Enter နှိပ်ပြီး Project အတွက်လိုအပ်တဲ့ ဖိုင်တွေကို ထည့်သွင်းပေးရမယ်။  restore လုပ်ပြီးသွားရင် Command Prompt မှာ အောက်ပါအတိုင်း မြင်တွေ့ရလိမ့်မယ်။


ပြီးရင် ဖန်တီးထားတဲ့ Project ကို dotnet run + Enter နှိပ်ပြီး Run ကြည့်လိုက်မယ်။  အောက်ပါအတိုင်း မြင်တွေ့ရလိမ့်မယ်။

Project က MVC Web Site အမျိုးအစားဖြစ်တဲ့အတွက် Browser မှာ Run လိုက်တဲ့ Result ကိုဖွင့်ကြည့်ရမှာဖြစ်တယ်။  Command Prompt မှာလည်း Now listening on: http://localhost:5000 ဆိုတဲ့ Status တစ်ခုတွေ့လိမ့်မယ်။  အဲ့ဒီ localhost Address ကို Browser မှာဖွင့်ကြည့်လိုက်ရင် အောင်ပါအတိုင်းမြင်တွေ့ရလိမ့်မယ်။


.Net Core Project ကို Visual Studio ကနေ ဖန်တီးမယ်ဆိုရင် လွယ်ပါတယ်။  Command Prompt ကနေ ဖန်တီးမှု၊ လုပ်ဆောင်မှုတွေက အခြား Programming Language တစ်ခုဖြစ်တဲ့ Note.js  နှင့်အနည်းငယ် ဆင်တူပါတယ်။  .Net Core ထဲမှာ အခြား Project တွေကိုလည်း အခုလို ဖန်တီးနိုင်ပါတယ်။  .Net Core ကိုအပြည့်အစုံ လေ့လာချင်တယ်ဆိုရင် ဒီနေရာမှာ လေ့လာနိုင်ပါတယ်။
ကိုစစ်ကိုင်း၏ မှတ်စုများ. Powered by Blogger.